Skip to content

Awareness raising – Page 1

၁။ အမူအကျင့်

ခေါင်းဆောင်များသည် အကာအကွယ်ပေးခြင်းဆိုင်ရာ လေ့လာသင်ယူမှု နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုတို့ကို စံနမူနာအဖြစ် အလေး အနက်ထား လုပ်ဆောင်ပြီး အကာအကွယ်ပေးခြင်းဆိုင်ရာ သင်တန်းများတွင် ပါဝင်တက် ရောက်ပါသည်။

 

အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း

ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ

  • သင် ကိုယ်တိုင် မည်သည့် အကာအကွယ်ပေးခြင် သင်တန်းများကို တက်ရောက်ပြီး ဖြစ်သနည်း၊ ထိုသင်တန်းများသည် အခြားဝန်ထမ်းများ တက်ရောက်ရန် တာဝန်ရှိသည့် သင်တန်းများနှင့် မည်သို့ ကွာခြားပါသနည်း။
  • အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ်ရပ်များ၊ အမှားများ သို့မဟုတ် ‘မသိလိုက်ဘဲ လွတ် သွားလုနီးဖြစ်ခဲ့သည့် ဖြစ်ရပ်များ’ မှ သင်ခန်းစာများကို သင်တန်းများတွင် ထည့်သွင်း သင်ကြားပေးနေကြောင်း သေချာအောင် သင် မည်သို့ လုပ်ဆောင်နေသနည်း။
  • သင်သည် အကာအကွယ်ပေးခြင်းဆိုင်ရာ လေ့လာသင်ယူမှုများနှင့် ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်မှုများတွင် ချန်ပီယံအဖြစ် မည်သို့ လုပ်ဆောင်နေပါသနည်း၊ သင့် အဖွဲ့အစည်းတွင် မည်သို့ စံနမူနာပြ၍ ဦးဆောင်မှုပေးနေပါသနည်း။
  • သင်ကိုယ်တိုင်နှင့် အခြားသူများ၏ ပြုမူဆောင်ရွက်မှုများနှင့် အဖွဲ့အစည်း၏ လုပ်ငန်း စဉ်များအတွင်း အကာအကွယ်ပေးခြင်းကို စွဲစွဲမြဲမြဲ ထည့်သွင်းလုပ်ဆောင်နေစေရန်နှင့် အကာအကွယ်ပေးခြင်း သင်တန်းများသည် ဝန်ထမ်းများ၏ စိတ်သဘောထားခံယူချက် များနှင့် အမူအကျင့်များကို တိုးတက်ကောင်းမွန်စေကြောင်း သေချာစေရန် သင် မည်သို့ လုပ်ဆောင်နေပါသနည်း။

ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)

အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။

သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။

 

Show More +

အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက်                                                                                                              ထိပ်သို့ပြန်သွားမည် ^

အကာအကွယ်ပေးခြင်း

အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။