Skip to content

Policies and processes Page 1

၁။ အမူအကျင့်

ခေါင်းဆောင်များသည် ၎င်းတို့အဖွဲ့အစည်း၏ မူဝါဒများက အကာအကွယ် ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးတို့ကို အထောက်အပံ့ပြုကြောင်း သေချာစေရန် သတ္တိရှိရှိ လုပ်ဆောင် ပါသည်။

 

 အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း

ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက် များ၊ အဖွဲ့အစည်းပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံးသပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင် ၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေးနွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ

  • သင့်အဖွဲ့အစည်းသည် ဝန်ထမ်းများနှင့်စေတနာလုပ်အားရှင်များအတွက် အပါအဝင် အဆင့်အားလုံး (ရပ်ရွာအဆင့်၊ နယ်မြေအဆင့်၊ မိတ်ဖက် အဆင့်၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်)တွင် အဖွဲ့အစည်း၏ အကာ အကွယ်ပေးခြင်း ဆိုင်ရာ မူဝါဒများကို မည်သို့ လက်တွေ့အကောင်အ ထည်ဖော်လျက်ရှိကြောင်း မည်မျှ ကောင်းစွာ နားလည်သိရှိပါသနည်း။
  • သင့်အဖွဲ့အစည်းအတွင်းတွင် ကလေးသူငယ်များ သို့မဟုတ် အခြားသော အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ အတွက် အကောင်းဆုံးဖြစ်စေမည့်အရာကိုဆောင်ရွက်ပေးခြင်း ဟူသည့် အခြေခံမူကို ကျင့်သုံးခဲ့သည့် မည်သည့်ဖြစ်ရပ်နမူနာများကို သင် သိရှိပါ သနည်း။
  • ကလေးများနှင့် အခြားသော အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ၏ ကောင်းကျိုးထက် အဖွဲ့အစည်း၏ အခြားဦးစားပေးကိစ္စများ (ဥပမာ ငွေရေးကြေးရေးဆိုင်ရာ သို့မဟုတ် နာမည်ဂုဏ်သတင်းဆိုင်ရာ) ကို ပို၍ အလေးပေးခြင်းမျိုး မရှိကြောင်း သေချာစေရန် သင် မည်သို့ လုပ်ဆောင် သနည်း။
  • အကာအကွယ်ပေးခြင်းဆိုင်ရာ ကိစ္စများအတွက် ဆုံးဖြတ်ချက်များ ချ မှတ်ရန် မည်သူအား ခန့်အပ်တာဝန်ပေးထားပါသနည်း။ ဆုံးဖြတ်ချက်ချ မှတ်မှု လုပ်ငန်းစဉ်များတွင် အကာအကွယ်ပေးရေးကို အဓိကဦးတည် သည့် အကြံပြုတင်ပြချက်များ ပြုလုပ်နိုင်စေရန် သင် မည်သို့ ဆောင် ရွက်ပေးထားသနည်း။
  • အကာအကွယ်ပေးခြင်းဆိုင်ရာ မူဝါဒများအား အန္တရာယ်ကျရောက်လွယ် သူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများမှ လက်လှမ်းမီ သိရှိခွင့် ရ/မရ သင် မည်သို့ သိရှိသနည်း။
  • သင့်အဖွဲ့အစည်းသည် အကာအကွယ်ပေးခြင်းဆိုင်ရာ မူဝါဒများနှင့် လုပ် ထုံးလုပ်နည်းများကို ချမှတ်ခြင်းနှင့် ကျင့်သုံးခြင်းတို့အား အချိန်မည်မျှ ကြာလျှင်တစ်ကြိမ် ပြန်လည်သုံးသပ်လေ့ရှိသနည်း။
  • အကာအကွယ်ပေးခြင်း မူဝါဒများ/ ကျင့်ဝတ်များသည် နိုင်ငံတစ်နိုင်ရှိ စံများ၊ တန်ဖိုးများ၊ ဥပဒေများနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ် နေသောအခါ ထိုသို့ဖြစ်ပျက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင် သည့် စကားဝိုင်းများကို သင် မည်သို့ ကျင်းပပေးပါသနည်း။

ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ် ဆွဲနိုင်ပါသည်)  

အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။

သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။

 

Show More +

အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက်                                                                                                              ထိပ်သို့ပြန်သွားမည် ^

ခေါင်းဆောင်များ

“ခေါင်းဆောင်များ” ဟု ဆိုရာ၌ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ဆုံးဖြတ်ချက် များ ချမှတ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ခွဲဝေချထားရာတွင် လုပ်ပိုင်ခွင့်ရှိသူ များကို ဆိုလိုပါသည်။ ထိုကဲ့သို့သော သူများမှာ အဖွဲ့အစည်းပေါ်တွင် မူတည် ၍ CEO၊ ညွှန်ကြားရေးမှူးများ/ဒါရိုက်တာများ၊ အကြီးတန်း/ အဆင့်မြင့်စီမံ ခန့်ခွဲမှုအဖွဲ့ များ၊ ဌာနေညွှန်ကြားရေးမှူးများ၊ အကာအကွယ်ပေးခြင်း အစီအစဉ် ဦးဆောင် သူများ သို့မဟုတ် အခြားသော ဆုံးဖြတ်ချက်ချမှတ်ပေးသူများ ဖြစ်နိုင်ပါသည်။ အကာအကွယ်ပေးခြင်း အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှု များ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြား ထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်ပေးခြင်းဆိုင်ရာ အခြေခံမူများ (Principles of best of interests)

ဥပမာ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုသည် အရည်အသွေးမြင့်မားသည့် ဗီဒီယို များကို ထုတ်လုပ်နေသော်လည်း ကလေးများနှင့် ဆက်ဆံရာတွင် ကလေးများ ကို ဗဟိုပြုသော နည်းလမ်းဖြင့် ဆက်ဆံဆောင်ရွက်ရန် အကြိမ်ကြိမ်ပျက်ကွက် နေခြင်းကြောင့် အဖွဲ့အစည်းအနေဖြင့် ထိုကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်နိုင်ပါသည်။

ဆုံးဖြတ်ချက် ချမှတ်ခွင့်ရှိသူကို ခန့်အပ်တာဝန်ပေးခြင်း

ကလေးများနှင့် အခြားသော အန္တရာယ်ကျရောက် လွယ်သူများအတွက် အကောင်းဆုံးဖြစ်စေမည့် အရာများထက် အဖွဲ့အစည်းမှ ငွေရေးကြေးရေးနှင့် ဥပဒေရေးရာတို့နှင့်စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားသော အချက်များကို ပို၍ ဦးစားပေးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ

ဤစာတမ်းတွင် အသုံးပြုထားသည့် အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများဟူသည့် အသုံးအနှုန်းတွင် ကလေးများ၊ အမျိုး သမီးများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လူနည်းစုအုပ်စုများနှင့် LGBTQI+ ဟု သတ်မှတ်ခံရသူများ ပါဝင်ပါသည် (အခြားအုပ်စုများလည်း ပါဝင်နိုင်ပါ သည်)။ သို့သော် မည်သူသည် အန္တရာယ်ကျရောက်နိုင်ခြေရှိသူများ သို့မဟုတ် ပစ်ပယ်ခံအုပ်စုများ ဖြစ်သည်ဆိုသည်မှာ အခွင့်အာဏာမညီမျှမှုများနှင့် များစွာ ဆက်နွှယ်နေသဖြင့် ဆက်စပ်နေသော အခြေအနေ၊ အကြောင်းအချက်များ၊ နောက်ခံအခြေအနေများပေါ်တွင် မူတည်၍ အမျိုးမျိုး ကွဲပြားသွားနိုင်ပါသည်။