Skip to content

Safe recruitment and HR processes – Page 1

၁။ အမူအကျင့်

ခေါင်းဆောင်များသည် ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ထမ်းခေါ်ယူခန့်ထား ရေး လုပ်ငန်းစဉ်များတွင် ချန်ပီယံအဖြစ် တက်ကြွစွာ စံနမူနာပြ လုပ်ဆောင် ပါသည်။

 

အမူအကျင့်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း

ဤအမူအကျင့်သည် သင်၏ အလုပ်ပတ်ဝန်းကျင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်း ပြင်ပမှ အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများနှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း စဉ်းစားသုံး သပ်ပါ။ သင့်လျော်သည့်နေရာများတွင် သင်၏ ကိုယ်ပိုင်မေးခွန်းများကိုလည်း ထည့်သွင်းဆွေး နွေးပြီး ဆွေးနွေးချက်များကို မှတ်စုလိုက်ထားပါ။ ထည့်သွင်းစဉ်းစားရန် မေးခွန်းများ

  • သင်တို့၏ ဝန်ထမ်းခေါ်ယူခန့်ထားမှု လုပ်ငန်းစဉ်များတွင် အကာအကွယ်ပေးခြင်း ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးလျက်ရှိကြောင်း သင် မည်သို့ သိရှိနိုင်သနည်း။
  • အဆင့်မြင့်ရာထူးနေရာများအတွက် ဝန်ထမ်းခေါ်ယူခန့်ထားမှု လုပ်ငန်းစဉ်များအားလုံး သည် ပွင့်လင်းမြင်သာမှုရှိပြီး အငယ်တန်းရာထူးနေရာများအတွက် ကျင့်သုံးသည့် ဘေး အန္တရာယ်ကင်းရှင်းသော ဝန်ထမ်းခေါ်ယူခန့်ထားမှု လုပ်ငန်းစဉ်များအတိုင်း တစ်ပုံစံ တည်း လိုက်နာဆောင်ရွက်နေကြောင်း သင် မည်သို့ သိရှိနိုင်မည်နည်း။
  • ဝန်ထမ်းခေါ်ယူခန့်ထားမှုတွင် အကာအကွယ်ပေးခြင်းလုပ်ငန်းစဉ်များကို တစ်ပြေးညီ ထိရောက်စွာ ကျင့်သုံးနေသည့် အတိုင်းအတာအား စောင့်ကြည့်လေ့လာခြင်းနှင့် ပြန် လှန်သုံးသပ်စစ်ဆေးခြင်းတို့ကို သင် မည်သို့ ဆောင်ရွက်မည်နည်း။

ဆွေးနွေးပွဲမှတ်စုများ (ဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဤမှတ်စုများကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်)

အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် မည်သည့်လုပ်ငန်းများကို လုပ်ဆောင်မည်နည်း။

သင် ဆွေးနွေးခဲ့သည့်အချက်များကို အသုံးပြု၍ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မည်သည့်လုပ်ဆောင်ချက်များကို အစီအစဉ်ရေးဆွဲ ဆောင်ရွက်ရမည်ဆိုသည် ကို ဆုံးဖြတ်သတ်မှတ်ပါ။ ထိုလုပ်ငန်းများကို ဆောင်ရွက်ကြောင်းသေချာစေ ရန်အတွက် မည်သူက တာဝန်ခံမည်ဆိုသည်နှင့် ပြီးမြောက်အောင် လုပ်ဆောင် ရန် ရည်ရွယ်သည့် အချိန်တို့ကို ရေးမှတ်ထားပါ။ “ခေါင်းဆောင်များမှ လုပ် ဆောင်ရမည့် အရာများ” သည် စမှတ်တစ်ခုသာဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ စာရင်းသည် ပြီးပြည့်စုံသည့် စာရင်းတစ်ခု မဟုတ်ကြောင်းကို သတိပြုရပါ မည်။ သင့် အဖွဲ့အစည်းအတွက် သင့်တော်သော သီးခြားလုပ်ဆောင်ချက်များ ကိုလည်း ဖြည့်စွက်ထည့်သွင်းနိုင်ပါသည်။

 

Show More +

အသုံးပြုထားသော ဝေါဟာရစကားလုံးများ ရှင်းလင်းချက်                                                                                                              ထိပ်သို့ပြန်သွားမည် ^

အကာအကွယ်ပေးခြင်း

အကာအကွယ်ပေးခြင်း (Safeguarding) ဆိုသည်မှာ မိမိတို့ အဖွဲ့အစည်း အတွင်းရှိ မည်သူမဆိုနှင့် မိမိတို့၏ လုပ်ငန်းများ လုပ်ဆောင်မှု တစ်စိတ်တစ် ပိုင်းအနေဖြင့် ထိတွေ့ဆက်ဆံရသူ မည်သူမဆိုအပေါ် ထိခိုက်နစ်နာမှုများ၊ ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိစေရန် မိမိတို့ ကျင့်သုံးလုပ်ဆောင်သည့် ကြိုတင် ကာကွယ်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းများအားလုံးကို ဆိုလိုခြင်း ဖြစ်ပါ သည်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ထည့်သွင်းစဉ်း စား၍ ဤ tool ကို ပြုစုထားခြင်း ဖြစ်သော်လည်း အခြားထိခိုက်နစ်နာမှုပုံစံ များအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုပြည့်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကို Bond website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။